ဖြစ်ပေါ်လာပုံ

ဟပ်(ပ်)ပီး အမ်ဖီအမ် ကုမ္ပဏီ လီမိတတ် ကို 10 ရက်နေ့ ဇွန်လ 1999 ခုနှစ်တွင် ခွန်ဇုကိ(ကျ်) ဆတ်ဖေ့(ရ်)ဖရိုင် က ဥက္ကဌ နှင့် စီမံခန့်ခွဲမှုညွှန်ကြားရေးမှူးနေရာတွင် တာဝန်ယူပြီး စတင်တည်ထောင်ခဲ့သည်။ ကုန်ပစ္စည်းကောင်းနှင့်အကျိုး ကျေးဇူးများကိုကမ်းလှမ်းလိုသော၊ တိုက်ရိုက်ရောင်းချမှုဖြင့် အာဆီယံဒေသတွင်းလူများအား အရည်အသွေးပိုရှိလာအောင် ကွန်ယက်ပုံသဏ္ဍာန်စီးပွားရေးဆောင်ရွက်လိုသော၊ စီမံခန့့်ခွဲမှုညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအဖွဲ့တို့၏ ပြင်းပြသောဆန္ဒ နှင့် ယုံကြည်မှုတို့ဖြင့် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သည်။ ကုမ္ပဏီတွင် ရေရှည်စီးပွားရေးဆောင်ရွက်ရန်နှင့် ထုတ်ကုန် များကို ပိုမိုကောင်းမွန်တိုးတက်အောင် ဆောင်ရွက်ရန်၊ အရည်အသွေးကို အဓိကထားရန် တိကျသော မူဝါဒထားရှိပါ သည်။

 

သဘာဝမှရှာဖွေရရှိပြီး အရည်အသွေးရှိသော၊ ကျန်းမာရေးဆိုင်ရာဘက်စုံဂရုစိုက်မှုကို အထူးပြုသည့် ထုတ်ကုန်များယူ ဆောင်လာပြီး ဟပ်(ပ်)ပီး အမ်ဖီအမ် ကုမ္ပဏီ လီမိတတ် ကို စတင်ထူထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့ထုတ်ကုန်များက ကမ္ဘာ့ တစ်ဝှမ်းရှိ ဌာနများမှ အရည်အသွေးဆိုင်ရာထောက်ခံမှုကို အောင်မြင်ထားပြီဖြစ်၍ ပညာရပ်ပိုင်းဆိုင်ရာ မှန်ကန်မှုလည်း ရှိပါသည်။ ၎င်းအပြင် ထိပ်တန်းအဖွဲ့အစည်းများ၏ သုတေသနပြုမှုတို့ကိုလည်း အောင်မြင်ထားပါသည်။ ကျွနု်ပ်တို့ကုမ္ပဏီ သည် စီမံခန့်ခွဲမှုပြုလုပ်ရာတွင် ကွန်ယက်ပုံသဏ္ဍာန်စီးပွားရေးစံနစ်ကို အသုံးပြုပါသည်။ အဖွဲ့အစည်းစီမံခန့်ခွဲမှုတွင် အကျိုး ခံစားခွင့်များကို အကန့်အသတ်မဲ့၍တည်တ့ံခိုင်မြဲမှုရှိသည့် “ဘိုင်နာရီ” ပုံစံဖြင့် ပေးအပ်သောကြောင့် စီးပွားရေးသမားအ သစ်များအား အဆက်မပြတ်ဝင်ငွေရရှိပြီး တိုးတက်ကြီးပွားစေပါသည်။ ထို့နောက် အောင်မြင်မှုကို ကြာရှည်တည်မြဲစွာ ရရှိ စေပါသည်။ ထို့အပြင် ကျွနု်ပ်တို့ကုမ္ပဏီသည် စားသုံးသူများအတွက်လည်း ကြာရှည်တည်မြဲသော စိတ်ကျေနပ်မှုရရှိ အောင် တည်ဆောက်နေပါသည်။

ဟပ်(ပ်)ပီး အမ်ဖီအမ် ကုမ္ပဏီ လီမိတတ် သည် ထိုင်းနိုင်ငံ၏တိုက်ရိုက်ရောင်းချမှုလုပ်ငန်းစုအဖွဲ့အစည်း (TDIA) ၏ အဖွဲ့ ဝင်နှင့် တည်ထောင်သူများထဲမှ တစ်ဦးဖြစ်ပါသည်။ စားသုံးသူကာကွယ်ရေးကော်မတီရုံး(ဆော်ခေါ်ဘော်)တွင် ဥပဒေနှင့် ကိုက်ညီသော တိုက်ရိုက်ရောင်းချရေးကုမ္ပဏီမှတ်ပုံတင်လည်း ရှိပါသည်။ ထို့ကြောင့် ကျွနု်ပ်တို့ကုမ္ပဏီတွင် အတွေ့အကြုံ ရင့်ကျက်သော စီမံခန့်ခွဲသူများရှိကြောင်း၊ ကျယ်ပြန့်သောမျှော်မှန်းချက်များရှိကြောင်း ယုံကြည်စိတ်ချရပါသည်။ ထုတ်ကုန် များမှာလည်း အရည်အသွေးရှိပြီး တည်တံ့ခိုင်မြဲသည့်စျေးကွက်အစီအစဉ်များ ရှိပါသည်။ ထို့အပြင် ပြည့်စုံစွာ မှတ်ပုံတင် ထားရှိသည်။ ထို့ကြောင့် “သင်” ကဲ့သို့သော မျိုးဆက်သစ်စီးပွားရေးသမားကို အောင်မြင်မှုရရှိစေရန်၊ အဖက်ဖက်မှဘဝရေး အဆင်ပြေလာစေရန်၊ ကုမ္ပဏီနှင့်အတူတကွ ကြီးပွားတိုးတက်လာစေရန် ခေါ်ဆောင်သွားနိုင်ပါမည်။